ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်လျက်ရှိသည့်
မြစိမ်းရောင်ကျေးလက်ရံပုံငွေ စီမံကိန်းမှ နိုင်ငံ့လူဦးရေ၏ ၀ဒသမ၇၉ရာခိုင်နှုန်းကို အထောက်အကူပြုနေသည်ဟု
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါသည်။
၎င်းကျေးလက်ရံပုံငွေစီမံကိန်းကို ကိုးရီးယားနှင့် ထိုင်းနိုင်ငံတွင် ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
စီမံကိန်းများကို အခြေခံပြီး မြန်မာနိုင်ငံတွင်ရှိသည့် ကျေးရွာတစ်ရွာကို ကျပ်ငွေ -
သိန်း (၃၀၀)ကို အရင်းမပျောက် ရံပုံငွေအဖြစ် ၎င်းကျေးရွာများကို ထူထောင်ထားခြင်းဖြစ်ပါသည်။
ကျေးရွာတစ်ရွာအတွက် ငွေကျပ်သိန်း၃၀၀ကို မတည်ရံပုံငွေအဖြစ် ထောက်ပံပေးထားပြီး ကျေးရွာရံပုံငွေကြီးကြပ်မှု
ကော်မတီက ကျေးရွာနေ အိမ်ထောင်စုတစ်စုကို ၀ ဒသမ ၅ - ၁ ဒသမ ၅ အတိုးနှုန်းဖြင့် ချေးငွေများ
ပြန်လည် ထုတ်ချေးနေခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း၂၈၀က
ကျေးရွာပေါင်း ၁၄၅၀တွင် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ထိုစီမံကိန်းမှ
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်လုပ်ငန်း၊ ကျေးရွာမီးလင်းရေး၊ ကုန်ထုတ်လုပ်ငန်းနှင့်
တစ်ခြားအသက် မွေးဝမ်းကျောင်းလုပ်ကိုင်နေသည့် အိမ်ထောင်စုပေါင်း
၁ ဒသမ ၃၃ သိန်းကို အထောက်အကူပြုနေသည်ဟု မွေးရေ/ကျေးလက်ဝန်ကြီးဌာနကပြောဆိုထားကြောင်း
သိရပါသည်။
No comments:
Post a Comment