ဆွစ်ဇလန်နိုင်ငံမှ တည်ဆောက်ထားသည့်
ဆိုလာ-အင်းပါ့စ်တူးယာဉ်သည် အဘူဒါဘီမှ ထွက်ခွာလာခဲ့ပြီး အိုမန်မှာ ခရီးတစ်ထောက် နားပြီးနောက်
မတ်လ(၁၀)ရက်နေ့မှာ အိုမန်မှ ပြန်လည်ထွက်ခွာပြီး ဆက်လက်ခရီးဆက်မှာ ဖြစ်ကြောင်း သိရပါသည်။
လောင်စာဆီကို အသုံးမပြုဘဲ ဆိုလာစွမ်းအင်ကို အသုံးပြုပြီး ကမ္ဘာတစ်ပတ် ပျံသန်းမည့် ပထမဆုံး
လေယာဉ်အဖြစ် မှတ်တမ်းဝင်နိုင်ရန် ကြိုးပမ်းမည့် ၄င်းယာဉ်သည် အိန္ဒိယနိုင်ငံ အမီဒါဘတ်တွင်
နောက်ထပ် ခရီးတစ်ထောက် ရပ်နားမည်ဖြစ်ကြောင်း ရိုက်တာသတင်း တရပ်အရ သိရှိရပါသည်။
No comments:
Post a Comment