Sunday, March 8, 2015

သစ်သီးနှင့် အသီးအနှံများကို ပင်လယ်ရေကြောင်းနှင့် လေကြောင်းလိုင်းများနှင့်ပါ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကထားတင်ပို့နေရသည့် သစ်သီးနှင့် အသီးအနှံများကို ပင်လယ်ရေကြောင်းနှင့် လေကြောင်းလိုင်းများနှင့်ပါ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြထားကြောင်း သိရပါသည်။ ၎င်းနယ်စပ် လမ်းကြောင်းနှင့် တရုတ်နိုင်ငံကို အဓိကထား တင်ပို့နေရသည့် ဈေးကွက်တစ်ခုတည်းမှ တစ်ခြားပြည်ပဈေးကွက်များအထိ ဈေးကောင်းနှင့် ဈေးကွက် တိုးချဲ့နိုင်ရန် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီလိုမျိုးတင်ပို့နိုင်ရန် မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်နှင့် စီးပွား/ကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက် သွားရန်ရှိနေပါသည်။ လက်ရှိအချိန်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍဖွံ့ဖြိုးရေးအတွက် သရက်သီးဇုန်၊ အာလူးဇုန်၊ လက်ဖက်ဇုန်၊ ပန်းမာန်ဇုန်စသည့် ဇုန်များကို ဒေသအလိုက်ဖွဲ့စည်းထားပြီး တန်ဘိုးမြှင့် ထုတ်ကုန်ဖြစ်လာစေရန် ဆောင်ရွက်သွားရန်ရှိနေသည့်အပြင် နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင် အအေးခန်း စက်ရုံတစ်ရုံ တည်ဆောက်သွားမည်ဟု စီးပွား/ကူးသန်း ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောပြထားပါသည်။


No comments:

Post a Comment