အမေရိကန်နိုင်ငံအယ်လ်ဘားမား
ပြည်နယ်အလယ်ပိုင်းရှိစက်ရုံတစ်ရုံမှာပေါက်ကွဲမှုတစ်ခုကြောင့်လူတစ်ဦးသေဆုံးခဲ့ပြီးလူအတော်များများကိုဒဏ်ရာရရှိစေခဲ့ကြောင်းသိရပါသည်။
(ဘရန့်ထ်) စက်မှုလုပ်ငန်းစက်ရုံအတွင်းပေါက်ကွဲမှု ဖြစ်ပွားစဉ်မှာ ဖြစ်ပွားရာနေရာအတွင်းမှာလူ(၆)ဦးခန့်ရှိနေခဲ့ကြောင်းဒေသမီဒီယာများကသတင်းထုတ်ပြန်ခဲ့ပါသည်။ဒဏ်ရာရသူတစ်ဦးကိုရဟတ်ယာဉ်နှင့်သယ်ဆောင်ပြီးအယ်လ်ဘားမား-
ဘာမင်ဂမ်တက္ကသိုလ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကာမီးလောင်ဒဏ်ရာအတော်ပဲများခဲ့တာကြောင့်
ဖြစ်ပါသည်။နောက်တစ်ဦးကစိုးရိမ်ခဲ့ရပေမဲ့အခုအခြေအနေကောင်းမွန်သွားပြီ ဖြစ်ပါသည်။ကျန်လူများမှာမီးခိုးမွှန်မှုတွေကိုကုသပေးနေရကာမီးများကတားဆီးမနိုင်သေးဘဲဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းရိုက်တာသတင်းတစ်ရပ်အရသိရှိရသည်။
No comments:
Post a Comment