Sunday, March 8, 2015

ကနေဒါတပ်ဖွဲ့များ တာဝန်ထမ်းဆောင် နေစဉ်အတွင်း မတော်တဆ မီးလောင်မှု တစ်ခုဖြစ်ပွား

အီရတ်နိုင်ငံမှာ ကနေဒါတပ်ဖွဲ့များ တာဝန်ထမ်းဆောင် နေစဉ်အတွင်း မတ်လ(၆)ရက်နေ့က မတော်တဆ မီးလောင်မှု တစ်ခုကြောင့် ကနေဒါ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြား(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကနေဒါ ကာကွယ်ရေးဌာနက မတ်လ(၇)ရက်နေ့ ပြောကြားခဲ့ပါသည်။ သေဆုံးခဲ့သူ ကနေဒါတပ်ဖွဲ့ဝင်ဟာ တပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူ (၃)ဦးကတော့ ဆေးကုသမှု ခံယူလျှက်ရှိကာ ဘယ်သူဘယ်ဝါဆိုတာ ချက်ချင်း အတည်မပြုနိုင်သေးကြောင်း သိရပါသည်။ ကနေဒါ အထူးတပ်ဖွဲ့ဝင်များဟာ အီရတ် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးလျှက်ရှိပြီး အိုင်အက်စ် လက်နက်ကိုင်များနဲ့ လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် တိုက်ခိုက်မှုများကို (၃)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါသည်။ ကနေဒါနိုင်ငံဟာ ၄င်းတပ်ဖွဲ့ဝင်များကို (၆)လအထိ တိုးမြှင့်ထားရှိရန် ပြီးခဲ့သည့် သတင်းပတ်များက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါသည်။ အီရတ်နိုင်ငံ မြောက်ပိုင်း ကာဒစ်စတန် ဒေသမှာ ကနေဒါတပ်ဖွဲ့ဝင် (၇၀)ခန့် တာဝန်ထမ်းဆောင် နေပြီး အိုင်အက်စ်များကို တိုက်ခိုက်ဖို့ အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုမှာ ကနေဒါမှ ဂျက်လေယာဉ် (၆)စင်း ပံ့ပိုးပေးထားကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။ 

No comments:

Post a Comment