မန်ယူနှင့် ကစားခဲ့သည့်
ပရီးမီးယားလိဂ် ပွဲစဉ်တွင် တင်ပါး ဒဏ်ရာရခဲ့သည့် လီဗာပူးတိုက်စစ်မှူး စတူးရစ်က ယူရိုခြေစစ်ပွဲကစားမည့်
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါသည်။ စတူးရစ်က ဒီရာသီတွင်
ဒဏ်ရာကြောင့် ကာလရှည်နားနေရပြီး လီဗာပူးအသင်းအတွက် ပွဲစဉ် ၁၁ ပွဲသာ ကစားထားနိုင်ပါသည်။
အင်္ဂလန်နည်းပြ ဟော့ဆန်က စတူးရစ်နေရာတွင် စပါးကွင်းလယ်ကစားသမား မာဆင် ကို
အစားထိုးရွေးချယ်ထားကြောင်း သိရပါသည်။
No comments:
Post a Comment