Sunday, March 8, 2015

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ (အလုံ အထက-၄)

"လူသားအားလုံး တိုးတက်ဖို့၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်လို့ ပုံဖော်ကြပါစို့ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ (၈) ရက် မနက် (၈)နာရီတွင် အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က အဖွင့်အမှာစကား ပြောကြားပါသည်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို မတ်လ (၈)ရက်နေ့ မနက် (၉)နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှာ ကျင်းပခဲ့ရာ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာတိုးတိုးအောင် က အမှာစကား ပြောကြားပါသည။ ထို့ဒီနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပေးပို့သော သဝဏ်လွှာကို ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဦးကိုကိုနိုင် က ဖတ်ကြားပေးခဲ့ပြီး Care Myanmar မှ နော်ထူးထူးမင်း က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သမိုင်းကြောင်းကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖန်တီးအိမ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးနှင့် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူစာချုပ် (CEDAW) အကြောင်း ရှင်းလင်း ပြောကြားပြီး စာရေးဆရာ တက္ကသိုလ်မင်းကျော်သူ မှ "လူသားအားလုံး တိုးတက်ဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြစို့" ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောပါသည်။


No comments:

Post a Comment