Tuesday, March 3, 2015

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်သီးနှံများကို နိုင်ငံတကာဈေးကွက်သို့ စီးပွားဖြစ် တင်ပို့ရောင်းချ နိုင်ရေး ဆွေးနွေးညှိနှိုင်း

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် မတ်လ (၃)ရက်နေ့တွင် ဥတ္တရသီရိမြို့နယ် စက်စက်ယို တောင်သူပညာပေး စိုက်ကွင်းမှာ ကိုရီးယားသမ္မတနိုင်ငံ Moogung Industry Co.,Ltd မှ ဥက္ကဌ မစ္စတာ ဘေဒဲရို နှင့် (ဒေရှင်း) Agri Machinery Co.Ltd မှ ဥက္ကဌ မစ္စတာ လီဟက်နမ် တို့ ဦးဆောင်သည့် ကိုရီးယားနိုင်ငံ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပညာရှင် အဖွဲ့ဝင်(၇)ဦး နှင့်အတူ ကိုရီးယားမူရင်းမျိုး ပိန်းဥများအား ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် ပိန်းဥ၊ ကန်စွန်းဥ၊ မြေပဲ တူးဖော်သည့် စက်ကိရိယာများဖြင့် တူးဖော်ဆောင်ရွက် နေမှုများကို ကွင်းဆင်း စစ်ဆေးကြပါသည်။

No comments:

Post a Comment