Thursday, March 12, 2015

သက်ဆိုင်ရာ မိဘများထံသို့ ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်အပ်နှံ



မတ်လ (၁၀)ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြသည့် အဖွဲ့၏ ဥပဒေမဲ့လုပ်ဆောင်မှု များကြောင့် ဥပဒေနှင့်အညီ ခေါ်ယူထိန်းသိမ်း စစ်မေးခဲ့သည့် သူများထဲမှာ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်လည်းကောင်း၊ မိဘများအပေါ် စာနာထောက်ထားသောအားဖြင့် လည်းကောင်း ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် သက်ညှာသောအားဖြင့်လည်းကောင်း သက်ဆိုင်ရာမိဘ အုပ်ထိန်းသူများအား ခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံပေးလျက်ရှိသည်။ ယနေ့တွင်ကျောင်းသား၊ကျောင်းသူ (၁၇)ဦးတို့အား သက်ဆိုင်ရာက ဆုံးမစကားပြောကြားပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် အပ်နှံမှုများကို ဆက်လက်၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment