Tuesday, March 10, 2015

လက်ပံတန်းတွင် ဆန္ဒပြမှုအား ဥပဒေနှင့်အညီရှင်းလင်းထိန်းသိမ်း

လက်ပံတန်းမြို့၊ အောင်မြေဗိမာန်ကျောင်းအနီးရှိဓာတ်အားပေးစက်ရုံလမ်းဆုံတွင် ထိုင်သပိတ်ပြုလုပ်နေသော ဆန္ဒပြအဖွဲ့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဥပဒေနှင့်အညီတားဆီးကန့်သတ်ထားရာမှ မတ်လ (၁၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြအဖွဲ့များကအတားအဆီးများချထားမှုကိုဖယ်ရှားဖျက်ဆီးခြင်း၊ ရဲတပ်ဖွဲ့ဝင်များ တားဆီးထားရှိသောနေရာကိုထိုးဖောက်ဝင်ရောက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်လာသဖြင့် မွန်းလွဲ(၁)နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ကဥပဒေနှင့်အညီရှင်းလင်းလူစုခွဲခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၆)ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆန္ဒပြအဖွဲ့မှ ကျောင်းသား (၅၂)ဦး၊ ကျောင်းသူ (၁၃)ဦးနှင့်အရပ်သား (၆၂)ဦးစုစုပေါင်း (၁၂၇)ဦးကိုထိန်းသိမ်းခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

No comments:

Post a Comment