တောင်ကိုရီးယားနိုင်ငံသားလှုပ်ရှားတက်ကြွသူအမျိုးသားတစ်ဦးဟာတောင်ကိုရီးယားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်
(မတ်ခ်လီပတ်)၏မျက်နှာကိုသစ်သီးလှီးဓါးငယ်နှင့်တိုက်ခိုက်ခဲ့ကြောင်းသိရပြီး၊၄င်းကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကာ၊တာဝန်ရှိသူများကအမေရိကန်သံအမတ်ကိုဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ပါသည်။ဆိုးလ်မြို့မှာ
ပြုလုပ်သည့်ကိုရီးယား၂နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက်ဆွေးနွေးပွဲကျင်းပနေစဉ် ဖြစ်ပေါ်ခဲ့တာ
ဖြစ်ပါသည်။တိုက်ခိုက်သူမှာအသက်(၅၅)နှစ်ရှိကင်ကီဂျုန်းဆိုသူ ဖြစ်ပါသည်။ကင်ကီဂျုန်းကမြောက်ကိုရီးယားနှင့်တောင်ကိုရီးယား၂နိုင်ငံဟာ
ပြန်လည်ပေါင်းစည်းသင့်ပြီဖြစ်ကြောင်းနှင့်တောင်ကိုရီးယားနှင့်အမေရိကန်တို့၏နှစ်စဉ်ပြုလုပ်နေကျစစ်ရေးလေ့ကျင့်မှုကိုဆန့်ကျင်ကြောင်းဖမ်းဆီးခံရစဉ်မှာအော်ဟစ်ပြောဆိုခဲ့ပါသည်။တိုက်ခိုက်ခံရသူသံအမတ်၏အခြေအနေမှာကောင်းမွန်နေပြီ
ဖြစ်ကြောင်းနှင့်အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်းဝါရှင်တန်ရှိတာဝန်ရှိသူများကပြောကြားခဲ့ပါသည်။ကင်ကီဂျုန်းဟာ
(၂၀၁၀)ခုနှစ်ကလည်းတောင်ကိုရီးယားနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကိုကွန်ကရစ်အပိုင်းအစများဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းခဲ့ဖူးကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ယခုလိုတိုက်ခိုက်ခံရမှုနှင့်ပက်သက်ပြီးအမေရိကန်အစိုးရကပြင်းပြင်းထန်ထန်
ပြစ်တင်ရှုံ့ချခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment