ပြည်ထောင်စုလွှတ်တော် နာယက၊
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့လယ် (၁၂) နာရီခွဲတွင်
ကျောက်တံခါးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ
ပြုလုပ်သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောက်တံခါးမြို့နယ် အတွင်းရှိ ရပ်ကွက်၊
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်၍
နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက် လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်
ဦးခင်မောင်ထွန်း၊ လွှတ်တော်၊ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊
ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်
စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများမှ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
No comments:
Post a Comment