Wednesday, March 11, 2015

အမေရိကန်၏ ကြေညာချက်ထုတ်ပြန်ခဲ့မှုအပေါ် ဗင်နီဇွဲလားသမ္မတ ပြန်လည်တုန့်ပြန်

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်-မက်ဒူရိုသည် နိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအား ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန် ပြောကြားခဲ့ကြောင်း သိရပါသည်။ တောင်အမေရိကနိုင်ငံဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသည် လုံခြုံရေးအရ ခြိမ်းခြောက်ခံနေရသည့် နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့ဝင် (၇)ဦးအား တားမြစ်ကန့်သတ်မှုတွေ ပြုလုပ်ရန် အမိန့်ထုတ်ခဲ့ခြင်းသည် ဗင်နီဇွဲလား သမ္မတအဖြစ် မက်ဒူရို တာဝန်ယူပြီးချိန် (၂၀၁၃)ခုနှစ်ကစပြီး အဆိုးရွားဆုံး ဆက်ဆံရေး ဖြစ်စေခဲ့ကြောင်း သိရပါသည်။ အမေရိကန်သမ္မတ အိုဘားမားသည် ဒီထုတ်ပြန်မှုတွင် လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်ထိပ်တန်း အရာရှိများကတော့ ၄င်းကြေငြာချက်သည် ဗင်နီဇွဲလားနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ(သို့)စီးပွားရေးအပေါ် ပြစ်မှတ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကတော့ ကျူးဘားနဲ့ အမေရိကန်ကြား ဆက်ဆံရေးကဲ့သို့ တင်းမာစေခဲ့ကြောင်း သိရပါသည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မက်ဒူရိုက ၄င်းတားမြစ်ကန့်သတ်မှုများသည် ၄င်း၏ အစိုးရအဖွဲ့အား ပြိုလဲစေရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်ဟု ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။


No comments:

Post a Comment