Wednesday, March 11, 2015

ရတနာပုံတက္ကသိုလ်အတွင်း ခွင့်ပြုချက်ရယူခြင်းမရှိဘဲ လမ်းလျှောက်ဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ် ဗကသဥက္ကဋ္ဌ အောင်ဆန်းဦး (၂၂)နှစ်၊ စတုတ္ထနှစ် (ရူပဗေဒ) (ဘ) ဦးအောင်ဆန်းဝင်း၊ အလယ်ပန်းတိမ်ရပ် အမရပူရမြို့နေသူ ဦးဆောင်သည့် အင်အား (၁၆)ဦးခန့်သည် မတ်လ (၁၁)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိစုဝေးခဲ့ပြီး လက်ပံတန်းဖြစ်စဉ်အပေါ် ရှုတ်ချကြောင်းဆိုင်းဘုတ်များ ကိုင်ဆောင်လျက် လက်ကိုင်စပီကာဖြင့် အော်ဟစ်ပြီး ကျောင်းဝင်းအတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။ အဆိုပါ အဖွဲ့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မင်းနှင့် အဖွဲ့က တွေ့ဆုံပြီး ဖြေလျော့ပြောဆိုခဲ့သော်လည်း မရရှိဘဲ ၄င်းတို့မှ ကျောင်းသားများ ပူးပေါင်းပါဝင်စီတန်း လှည့်လည်ရေး လှုံ့ဆော်ပြောကြားခဲ့ကြပြီး နံနက် (၁၁)နာရီခန့်တွင် လူစုခွဲသွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment