ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ
ပြန်လည်ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်းနှင့် အဖွဲ့ဝင်များသည် မတ်လ(၇)ရက် မနက်ပိုင်းတွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ သွားရောက်ပြီး
မြို့နယ်သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ သဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒ နှင့်အတူ တိုက်ပွဲရှောင်
ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပါတယ်။ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်နိုင်ရန်အတွက်
လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်ပေး၍ လားရှိုးမြို့မှ မန္တလေးမြို့သို့
မော်တော်ယာဉ်များ စီစဉ်ပေးခဲ့ပြီး မန္တလေးမှတစ်ဆင့် ၄င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့
ပြန်နိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment