အားကစားကြယ်ပွင့်(၃)ဦးလိုက်ပါသွားခဲ့သည့်အာဂျင်တီးနားနိုင်ငံရဟတ်ယာဉ်ပျက်ကျရာနေရာသို့မတ်လ(၁၁)ရက်နေ့က
ပြင်သစ်စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ရောက်ရှိလာခဲ့ပြီးပျက်ကျမှုကြောင့်အာဂျင်တီးနားသား
(၂)ဦးနှင့် ပြင်သစ်သား (၈)ဦးတို့သေဆုံးခဲ့ရပါသည်။အာဂျင်တီးနား (လာ-ရီယိုဂျာ)မှာမတ်လ(၉)ရက်နေ့နေ့လည်ပိုင်းကအနိမ့်ပိုင်းမှာပျံသန်းနေစဉ်ရဟတ်ယာဉ်(၂)စင်းတိုက်မိပြီးပျက်ကျသေဆုံးမှု
ဖြစ်ပေါ်ခဲ့ရကာပျက်ကျယာဉ်များကိုမှတ်တမ်းများရိုက်ယူခဲ့ပြီး၊သေဆုံးသူများထဲမှာ ပြင်သစ်အိုလံပစ်ရေကူးသမား
(ကာမီးလ်-မူဖက်)၊ရွက်လှေကစားသမား (ဖလောရင့်စ်- အာသူး)နှင့်ဘောက်ဆင်သမား (အလက်ဆစ်- ဗက်စ်တင်းန်း)တို့သေဆုံးခဲ့ကြရကာပျက်ကျမှု
ဖြစ်စဉ်ကိုတော့အတိအကျမသိရသေးပါဘူး။ကစားသမားများဟာ ပြင်သစ် (ရီယယ်လတီရှိုး) ပွဲအတွက်သူတို့ရဲ့ကျွမ်းကျင်မှုကို
ပြသရန် ပြန်လာကြစဉ်မှာယခုလိုမတော်တဆမှုနှင့်ကြုံတွေ့ရတာ ဖြစ်ကြောင်းရိုက်တာသတင်းတစ်ရပ်အရသိရှိရပါသည်။
No comments:
Post a Comment