နိုင်ငံတကာ အသိအမှတ်ပြု ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု
သင်တန်းကျောင်း John Robert Powers
ဖွင့်ပွဲ အခမ်းအနားကို မတ်လ(၂၉)ရက် နံနက် (၉)နာရီတွင် ကမာရွတ်မြို့နယ် အင်းလျားလမ်း
အမှတ်(၆၂/ဘီ)မှာ ကျင်းပရာ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊
တိုင်းဒေသကြီး ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီး
ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ John
Robert Powers Asia Pacific မှတာဝန်ရှိသူများသည် နိုင်ငံတကာ
အသိအမှတ်ပြု ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု သင်တန်းကျောင်းကို ဖဲကြိုးဖြတ်၍
ဖွင့်လှစ်ပေးသည်။ အဲ့ဒီနောက် တာဝန်ရှိသူများက John Robert Powers
နှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားပြီး သင်တန်းနှင့် ဘာသာရပ်များ အကြောင်းကို
ရှင်းလင်းတင်ပြသည်။
No comments:
Post a Comment