Saturday, March 7, 2015

Jurassic World ရုပ်ရှင်

Jurassic World ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ (၁၂) ရက်နေ့တွင် စတင်ပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ Jurassic Park ဆိုသည့် ဒိုင်နိုဆောဥယျာဉ်ကို ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း မဖွင့်လှစ်ဖြစ်ခဲ့ဘဲ နှစ်ပေါင်း ၂၂နှစ်အကြာတွင် Jurassic Theme Park ဆိုသည့်နာမည်ဖြင့် ပြုပြင်မှုများလုပ်ပြီး ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုဥယျာဉ်ကို အမေရိကတိုက်အလယ်ပိုင်းက ကိုစတာရီကာနိုင်ငံနားရှိ ကျွန်းတစ်ကျွန်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ ဥယျာဉ်ဖွင့်လှစ်ခါစတွင် ဒိုင်နိုဆော်များကို လာရောက်ကြည့်ရှုသူများ များပြားခဲ့ပါသည်။ သို့သော် မကြာခင်မှာ ဒိုင်နိုဆောများက ထိန်းချုပ်မှုမှ ကင်းလွတ်သွားပြီး လူသားများကို အန္တရာယ်ပေးပုံကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်လမ်းကို ဒါရိုက်တာ ကိုလင်ထရီဗိုလိုက ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်သည့် ခရစ်ပရဒ်၊ နစ်ရော်ဘင်ဆင်၊ ဘရေစ် ဟောဝတ် တို့အပြင် အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပါသည်။ ထိုဇာတ်ကားကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ အကုန်အကျခံ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို Universal Picture ကုမ္ပဏီမှ ဖြန့်ချိထားကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment