Kumiko, the Treasure Hunter ရုပ်ရှင်ဇာတ်ကားကို
အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မတ်လ (၁၃) ရက်နေ့တွင် စတင်ပြသသွားမည်ဖြစ်ကြောင်း
သိရပါသည်။ ခူမီခိုဆိုသည့် အမျိုးသမီးက ဂျပန်နိုင်ငံတိုကျိုမြို့၏ စိတ်ရှုပ်ထွေးစရာကောင်းသည့်
ရပ်ကွက်တစ်ခုတွင် နေထိုင်ပါသည်။ သူသည် သဘောဆိုးသည့် သူဌေးတစ်ဦးဆီတွင် အလုပ်လုပ်ပြီး
ရှိရင်းစွဲဘဝကို စိတ်ကုန်နေသူတစ်ဦးလည်းဖြစ်ပါသည်။ တစ်ရက်တွင် သူသည် ခေတ်ဟောင်း ရုပ်ရှင်တိပ်ခွေတစ်ခွေကို
ရှာဖွေတွေ့ရှိပြီး ရုပ်ရှင်ထဲကအတိုင်း ရတနာမြေပုံကို ကြည့်ကာ ရတနာများကို လိုက်လံရှာဖွေသည့်အကြောင်းကို
စိတ်ဝင်စားဖွယ်ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်လမ်းကို ဒါရိုက်တာ ဒေးဗစ်
ဇယ်လ်နာက ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်သည့် ရင်ကိုခိဂုချိ၊ နိုဘူယုခိကာဆုမိ၊
အာရာကာအိုနိရှိတို့အပြင် အခြားသရုပ်ဆောင်ပေါင်များစွာ ပါဝင်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကား
ပြသချိန်က ၁၀၄မိနစ်ရှိပြီး Ad Hominem Enterprise ကုမ္ပဏီမှ ဖြန့်ချိထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment