မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရသည်
မလေးရှားနိုင်ငံ ရေတပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ လန်ကာဝီကျွန်း မတ်လ(၁၇)ရက်မှ
(၂၁)ရက်အထိ ကျင်းပ ပြုလုပ်သည့် Langkawi International
Maritime and Aerospace Exibition 2015 (LIMA-2015)
ပြပွဲတို့ တက်ရောက်ခဲ့ပြီး မတ်လ(၂၉)ရက် နံနက် (၉)နာရီခွဲတွင် အမှတ်(၃)ရေတပ် ဆိပ်ခံတံတား
(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ ရေတပ်သင်္ဘောကျင်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦးနှင့်
တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများမှ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ စစ်ရေယာဉ်
မဟာသီဟသူရသည် အပြန်ခရီးစဉ်တွင် မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသော မြန်မာအလုပ်သမား
(၁၀၂)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment