မန်မာ့တပ်မတော်
(ရေ)မှ စစ်ရေယာဉ် မဟာသီဟသူရသည် မလေးရှားနိုင်ငံရေတပ်၏ ဖိတ်ကြားချက်အရမလေးရှားနိုင်ငံလန်ကာဝီကျွန်း
၌ မတ်၁၇ ရက်မှ ၂၁ ရက်ထိကျင်းပသည့် Langkawi International Maritime and Aerospace
Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်ခဲ့ပြီး မတ်လ(၂၉)ရက်နေ့ နံနက် (၉)
နာရီခွဲတွင် အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည်ရောက်
ရှိလာရာရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးဗိုလ်ချုပ်မြင့်ဦးနှင့် တပ်မတော်
(ရေ)မှ အရာရှိ၊ စစ်သည် မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ
စစ်ရေယာဉ် မဟာသီဟသူရသည် အပြန်ခရီးစဉ်တွင် မလေးရှားနိုင်ငံ ၌ တရားမဝင်ရောက်ရှိနေသော
မြန်မာအလုပ်သမား ၁၀၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်
ခေါ်ဆောင်လာခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment