Thursday, March 5, 2015

လက်ပံတန်းမြို့တွင် ထိုင်သပိတ်ပြုလုပ်နေသော အဖွဲ့အား NNER မှဒေါက်တာ သိန်းလွင် အဖွဲ့လာ ရောက်တွေ့ ဆုံ

လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းတော်ကြီး ကျောင်းအနီးရှိ ဓာတ်အားပေး စက်ရုံလမ်းဆုံတွင် မတ်လ(၃)ရက်နေ့က ထိုင်သပိတ် ပြုလုပ်နေသော သပိတ်စစ်ကြောင်းအဖွဲ့သည် မတ်လ(၄)ရက်နေ့အထိ ဆက်လက်ပြုလုပ်လျက်ရှိရာ အဆိုပါ သပိတ်စစ်ကြောင်း အဖွဲ့အား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လူစုခွဲရန် ကြေညာသော်လည်း ဆက်လက်ဆန္ဒ ထုတ်ဖော် လျက်ရှိသည်။ အဆိုပါ သပိတ်စစ်ကြောင်းအဖွဲ့ထံသို့ NNER မှ ဒေါက်တာ သိန်းလွင်နှင့် ဒေါက်တာ ကျော်သူတို့ပါဝင်သော ၁၀ ဦးအဖွဲ့သည် မတ်လ(၄)ရက်နေ့ နံနက်(၆) နာရီ (၂၅) မိနစ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ မတ်လ(၄)ရက်နေ့ထိုင်သပိတ်ပြုလုပ်နေသောအဖွဲ့တွင် ဗကသမှ ကျော်ကိုကို အပါအဝင် ကျောင်းသား ၅၀၊ ကျောင်းသူ ၁၉ဦး၊ အရပ်သား/ပါတီ/အမည်ခံအဖွဲ့မှ ကျား ၃၄၊ မ ၁၆ဦးနှင့် သံဃာ ၁၂ပါး၊ စုစုပေါင်း ၁၃၁ ဦး ပါဝင်ကြောင်းသိရသည်။


No comments:

Post a Comment