Wednesday, March 4, 2015

မြန်မာ့ကျောက်မျက်ရတနာအချောထည်များကို One stop service center မှ တရားဝင်တင်ပို့ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာရရှိ



မြန်မာ့ကျောက်မျက်ရတနာ အချောထည်များကို ပို့ကုန်လိုင်စင်မလိုဘဲ One stop service center ဖြင့် တရားဝင်ဆောင်ရွက်နိုင်ရန် မန္တလေး၊ ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ မြစ်ကြီးနားမြို့ပါ ၂၀၁၅ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ကျောက်စိမ်းရောင်းဝယ်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။ မြန်မာ့ကျောက်မျက်ရတနာ အချောထည်များကို ပြည်ပသို့ရောင်းချ  လိုသူများသည် One stop service center ကိုလာရောက်ရမည်ဖြစ်ပြီး ယင်း Center မှ ပစ္စည်း၏တန်ဖိုးကို သက်မှတ်ပေးကာ ပစ္စည်းတန်ဖိုး၏ ၁၀ % ကို အခွန်ကောက်ခံမည် ဖြစ်ပါသည်။ ၎င်း One stop service လုပ်ဆောင်ခြင်းကြောင့် အားသာချက်အနေနှင့် မှောင်ခိုဈေးကွက်လျော့နည်း ပပျောက်သွားမည်ဖြစ်သော်လည်း သတိပြုသင့်သည့် အချက်အနေနှင့်က တန်ဖိုးသက်မှတ်သည့်အဖွဲ့အစည်းက တိကျမှန်ကန်သည့် တန်ဖိုးဖြတ် သက်မှတ်နိုင်မှသာ နိုင်ငံတော်၏ဘဏ္ဍာငွေကို တိုးမြှင့်ကောက်ခံနိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ထွက်ရှိသည့် ကျောက်မျက်အချောထည်တွေထဲတွင် ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပတီးများက ပိုမိုရောင်းချရပြီး မန္တလေး၊ လားရှိုး၊ မူဆည်လမ်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ကုန်းလမ်းဖြင့် တင်ပို့နေခြင်းဖြစ်ပါသည်။ မြန်မာ့ကျောက်မျက်ရတနာ အချောထည်ရောင်းချရခြင်းအားဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၆၆.၈၅)သန်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နှစ်ထောင်နှစ်ရာကိုးဆယ့်ငါးဒသမသုံးခြောက်သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ထောင်ခုနှစ်ရာနှစ်ဆယ့်ရှစ်ဒသမကိုးနှစ်သန်းကို နိုင်ငံတော်ဘဏ္ဍာငွေ အခွန်များအဖြစ် ကောက်ခံရရှိခဲ့ပါသည်။ 

No comments:

Post a Comment