Poltergeist ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ
ရုပ်ရှင်ရုံများတွင် မေလ (၂၂) ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ မိသားစု
တစ်စုက အိမ်အသစ်ကိုပြောင်းရွှေ့လာကြပြီး ထိုအိမ်သစ်တွင် ထူးခြားသည့် ဘီဒိုတစ်လုံးရှိနေခြင်းကို
ဘယ်သူမှ သတိမပြုမိကြပါဘူး။ ထိုနောက်တွင် မိသားစုထဲမှ သမီးဖြစ်သူသည် ဘီဒိုထဲက တစ်စုံတစ်ယောက်နှင့်
စကားပြောနေခြင်းကို သူ့အစ်ကိုက သတိပြုမိသွားပါသည်။ ကလေးနှစ်ယောက်က ဘီဒို၏ ထူးခြားမှုများကို
ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ညတွင် သမီးဖြစ်သူကို အမှောင်လောကထဲခေါ်ဆောင်သွားပါသည်။ ထိုနောက်
မိဘများနှင့် အစ်ကိုဖြစ်သူက အကြားအမြင်ဆရာကို အားကိုးပြီး သမီးဖြစ်သူကို လူလောကထဲပြန်ခေါ်ဆောင်ခြင်းကို
စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် ဆမ် ရော့ဝယ်၊
ဂျရတ် ဟဲရစ်၊ ရိုစ် ဒီဝစ် စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့ပါဝင်
သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို 20 Century Fox ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ပါသည်။
No comments:
Post a Comment