Wednesday, March 11, 2015

ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး (Solar Impulse-2) လေယာဉ် အိန္ဒိယနိုင်ငံသို့ ဆင်းသက်

ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး (Solar Impulse-2) လေယာဉ်သည် မတ်လ(၁၁)ရက်နေ့က အိန္ဒိယနိုင်ငံ အမီဒါဘက်မြို့ကို ဆင်းသက်ခဲ့ပြီး (၄)ရက်ကြာ ရပ်နားမယ်လို့ သိရပါသည်။ ဆွစ်ဇလန်နိုင်ငံက တည်ဆောက်ထားသည့် ၄င်းဆိုလာလေယာဉ်ဟာ မတ်လ(၁၀)ရက်နေ့က အိုမန်ရှိ မူစ်ကတ်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါသည်။ အခုလေယာဉ်သည် သဘာဝလောင်စာဆီကို အသုံးမပြုဘဲ ကမ္ဘာတစ်ဝန်း ပျံသန်းနိုင်ကြောင်း သက်သေပြရန် အတွက်လည်း ဖြစ်ပါသည်။ ၄င်းလေယာဉ်ဟာ ဆိုလာစွမ်းအင်ကို အသုံးပြုပြီး ခရီးမိုင်ပေါင်း နှစ်သောင်းနှစ်ထောင်ကို သွားရောက်မှာဖြစ်ကာ အချိန်အားဖြင့် (၅)လကြာမြင့်မှာ ဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

No comments:

Post a Comment