Monday, March 9, 2015

ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ solar Impulse (SI 2) လေယာဉ် ဆိုက်ရောက်၊ ရပ်နား ထွက်ခွာခြင်းဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်သည် မတ်လ (၈)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်ခန်းမတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူများတို့က မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပထမဆုံးကြိမ် ကမ္ဘာပတ်မည့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာလေယာဉ်ဖြစ်သည့် solar Impulse (SI 2) လေယာဉ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ (၁၆)ရက်နေ့တွင် ရောက်ရှိလာမည့် လေယာဉ်အား ကြိုဆိုရေး၊ နေရာချထားရေး၊ လေယာဉ်ရပ်နားမည့် လုပ်ငန်းအစီအမံများ၊ လေယာဉ်အား လေ့လာကြမည့် ကျောင်းသား/ ကျောင်းသူများ၊ လေ့လာနိုင်မည့် အခြေအနေများ လေဆိပ်အတွင်း လုံခြုံရေး စီမံဆောင်ရွက် ထားရှိမှုအား၎င်း၊ အဆိုပါ လေယာဉ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မဆင်းသက်မီ ပုဂံဒေသ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ပုဂံဘုရား စေတီပုထိုးများ နောက်ခံပြု၍ ရဟတ်ယာဉ်ဖြင့် မှတ်တမ်းတင် ဗီဒီယို၊ ဓါတ်ပုံများရိုက်ကူးမည့် အစီအစဉ်များအား၎င်း၊ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းခဲ့ပါသည်။ 

No comments:

Post a Comment