Tuesday, March 10, 2015

Women’s Olympic Football Tournament Rio 2016 ဘောလုံးပွဲအား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်



Women’s Olympic Football Tournament Rio 2016 နိုင်ငံတကာဘောလုံးပြိုင်ပွဲကို ၂၀၁၅ခုနှစ် မတ်လ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ မန္တလေးမြို့၊ မန္တလာသီရိဘောလုံးကွင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါသည်။ မတ်လ(၁၁)ရက်နေ့မှာ သီရိလင်္ကာနှင့် မြန်မာ၊ မတ်လ(၁၃)ရက်နေ့တွင် အိန္ဒိယနှင့် သီရိလင်္ကာ၊ မတ်လ(၁၅)ရက်နေ့တွင် မြန်မာနှင့် အိန္ဒိယ အမျိုးသမီးဘောလုံးပွဲစဉ်များအား ညနေ (၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ မတ်လ(၁၁)ရက် ညနေ(၅)နာရီမှာ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် သီရိလင်္ကာ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့၏ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား News Channel၊ Entertainment Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ ညနေ (၄)နာရီ (၄၅)မိနစ် အချိန်မှစတင်ပြီး တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင် တင်ပြအပ်ပါသည်။

No comments:

Post a Comment