မန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်
UN Women တို့ ပူးပေါင်းပြီး UN Security Council Resolution 1325 on Women,
Peace, Security and Related Resolutions အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ(၂၇)ရက်နေ့ နံနက်
၉ နာရီတွင် နေပြည်တော်ရှိအမရဟိုတယ်၌ ကျင်းပရာသမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက
နိုင်ငံတော်သမ္မတသည် နေပြည်တော်တွင် ကျင်းပခဲ့ပြီးသည့် ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများဖိုရမ်
၂ဝ၁၄ တွင် မိမိတို့နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်
၎င်းတို့၏ ပါဝင်မှုကို မြှင့်တင် ဆောင်ရွက် ပေးရမည်ကိုပြောကြားခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်
အမျိုးသမီးများသည် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးစသည်ဖြင့် ပြည်ထောင်စုအဆင့်တွင်
တာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်များမှ
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကလည်းဥပဒေပြုရေးအခန်းကဏ္ဍမှ တက်ကြွစွာတာဝန် ထမ်းဆောင်လျက်
ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည်လည်းမိမိတို့၏ ရည်ရွယ်ချက်
ဖြစ်သည့် ငြိမ်းချမ်းသောလူမှုအဖွဲ့ အစည်းတည်ဆောက်ရေးအတွက် အထောက်အကူပြုမည်ဟုယုံကြည်
ပါကြောင်းဖြင့် ပြောကြားသည်။
No comments:
Post a Comment