ယခုလတ်တလောကားဈေးကွက်ထဲတွင်
ကုန်တင်ယာဉ်
ဆယ်ဘီး (၁၀ဘီး)၊ ဆယ့်နှစ်ဘီး (၁၂ဘီး) ကားကြီးများကို ကြိုတင်ရောင်းဝယ်လာခြင်းများရှိလာနေပါသည်။
အခုနှစ်ကုန်ပိုင်းအတွင်း အသက်ဝင်လာဖွယ်ရှိသည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းထဲတွင်
အာဆီယံနိုင်ငံများ၏ စံနှုန်းများအတိုင်း ကုန်တင်ဆောင်ရမည် ဖြစ်ခြင်းကြောင့် ၎င်းကုန်တင်ကား
များကို ကြိုတင်ရောင်းဝယ်လာကြခြင်းဖြစ်သည်ဟု ကားလုပ်ငန်းရှင်တွေက ပြောဆိုကြပါသည်။ ဒီလိုဖြစ်လာခြင်းက
အာဆီယံဒေသတွင်း ကုန်စည်သွားလာမှုတွင် တွဲဆိုင်းကွန်တင်နာကားတွေက ပိုမိုအလုပ်ဖြစ် နိုင်ခြင်းကြောင့်နှင့်
ထို (၁၀) ဘီး၊ (၁၂) ဘီးအုပ်စုကားတွေက ပြည်တွင်းကုန်တင်ရန် ကျန်ရှိနိုင်ခြင်းကြောင့်ဖြစ်သည်ဟု
ဝယ်ရောင်းဈေးကွက်မှ သိရပါသည်။ လက်ရှိဝယ်ရောင်းဈေးကွက်ထဲတွင် အသုံးပြုပြီးသား ၁၀ဘီးကားတစ်စီးကို
၃၂၅ သိန်းဝန်းကျင်နှင့် ၁၂ဘီး ကားတစ်စီးကို ကျပ်သိန်း ၃၆၀ ခန့် အရောင်းအဝယ်ဖြစ်နေပါသည်။
No comments:
Post a Comment