Monday, April 27, 2015

အာရှ-ပစိဖိတ်သစ်တောကွန်ယက်၏ ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကျင်းပ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းသည် ၂၇-၄-၂၀၁၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် Grand Amara Hotel ၌ ကျင်းပသောအာရှ-ပစိဖိတ် သစ်တောကွန်ယက်၏ ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံ(၁၆)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။


No comments:

Post a Comment