Tuesday, April 21, 2015

ပြည်တွင်းစားသုံးမှုနှစ်ဆမြင့်တက်လာသော်လည်း ပြည်ပတင်ပို့မှု ကျဆင်းနေသည့် မြန်မာ့ရေထွက်ကုန်များ



           ပြည်တွင်းတွင် ငါး၊ ပုစွန်၊ ဂဏန်းစသည့် ရေတွက်ကုန် စားသုံးမှုပမာဏ တစ်ဟုန်ထိုးမြှင့်တက် လာသည့်အတွက် အရင်ကပြည်ပဈေးကွက်တစ်ခုတည်းကိုပဲ ဦးတည်ထုတ်လုပ်ခဲ့သည့် အအေးခန်းစက်ရုံများက ယခုအခါတွင် ပြည်တွင်းဈေးကွက်အတွက် ပြန်လည်အလေးထားထုတ်လုပ်မှုများ ရှိလာပြီဖြစ်ပါသည်။ ပြည်တွင်း ငါးစားသုံးမှုသည် ယခုနှစ်အတွင်းတွင် နှစ်ဆကျော်တိုးတက်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ရေထွက်ကုန် ထုတ်လုပ်မှုက တိုးတက်မှုအားနည်းနေသေးသည်ဟု သိရပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွေ မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့ရောင်းချသည့် ရေထွက်ကုန်ပစ္စည်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း (၆၅၀)ကျော်ရှိခဲ့သော်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၅၃၆)သန်းရှိပြီး လက်ရှိ ၂၀၁၅ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၄၀ဝ) ကျော်လောက်သာရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ သဘာဝရေထွက်ကုန်သယံဇာတများ တစ်နှစ်ပြီးတစ်နှစ် ကျဆင်းလာခြင်းကြောင့် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်များ ဝယ်လိုအားပြည့်မှီအောင်ဖြည့်ဆည်းနိုင်ရန်အတွက် မွေးမြူထုတ်လုပ်သည့်အပိုင်းကို မြှင့်တင်ရန် လိုအပ်သည်ဟု ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းကျွမ်းကျင်သူများက ပြောကြောင်း သိရပါသည်။

No comments:

Post a Comment