Tuesday, April 7, 2015

လတ်တလောဒေါ်လာဈေးမြင့်တက်လာ



အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ်နှုန်းတွင် ယခုနှစ်အတွင်း သိသိသာသာမြင့်တက်လာပါသည်။ လက်ရှိတွင် တစ်ဒေါ်လာကို မြန်မာကျပ်ငွေထောင့်တစ်ရာနီးပါးအထိ အရောင်းအဝယ် ရှိနေ ပါသည်။ ငွေလဲလှယ်နှုန်းတွင် ၂၀၁၄ စက်တင်ဘာလလောက်က တစ်ဒေါ်လာကို ငွေကျပ်ကိုးရာ့ ခုနှစ်ဆယ်ဝန်းကျင် အတွင်းမှ တစ်ဖြေးဖြေးမြင့်တက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုလက်ရှိတွင် ဝယ်ဈေးအဖြစ် တစ်ဒေါ်လာကို ငွေကျပ်တစ်ထောင့်ရှစ်ဆယ်ကျပ်ဝန်းကျင်နှင့် ရောင်းဈေးအဖြစ် တစ်ဒေါ်လာကို ငွေကျပ် တစ်ထောင့်ကိုးဆယ်ဝန်းကျင်အထိ ရှိနေပါသည်။ ဒေါ်လာဈေး မြင့်တက်ရသည့်အကြောင်းနှင့် ပတ်သက်ပြီး ဈေးကွက်တွင် ဒေါ်လာ လိုအပ်ချက် ကြီးမားလာခြင်း၊ သွင်းကုန် အတွက်ပေးသွင်းရသည့် ဒေါ်လာလိုအပ်ချက် များလာခြင်း တို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။ ယခုဘဏ္ဍာနှစ်ကုန်ခါနီးတွင် ပို့ကုန်တင်ပို့မှုပမာဏက အမေရိကန်ဒေါ်လာ (၁၀) ဘီလီယျံကျော်သာရှိပြီး သွင်းကုန်တင်သွင်းမှုက (၁၅)ဘီလီယျံကျော်ရှိခြင်းကြောင့် (၅)ဘီလီယျံကျော် ကုန်သွယ်ရေးအတွက် လိုငွေပြနေသည့် အနေအထားရှိနေသည့်ဟု သိရပါသည်။ အမေရိကန်စီးပွားရေး ကောင်းလာမှုနှင့်အတူ ဒေါ်လာတန်ဖိုးပြန်လည် မြင့်တက်လာခြင်းဖြစ်နိုင်သကဲ့သို့ အိမ်ခြံမြေဈေးကျဆင်းမှုကြောင့်လည်း ငွေကြေးမြှုပ်နှံလိုသူများက ဒေါ်လာဘက်ကို ဝင်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကြောင့်လည်း ဖြစ်သည်ဆိုသည့် သတင်းတွေက လတ်တလောတွင် ထွက်ပေါ်နေကြောင်း သိရပါသည်။ 

No comments:

Post a Comment