အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌
(၁ဝ)နှစ်ပြည့် အာရှ-အာဖရိက ထိပ်သီး ညီလာခံဖွင့်ပွဲနှင့်
မျက်နှာစုံညီအစည်းအဝေးတို့သို့ တက်ရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာတို့သည် ဧပြီ ၂၂ ရက်
ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဂျကာတာမြို့ ကွန်ဗင်းရှင်းစင်တာ၌
တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာစီးပွားရေး
စင်္ကြံအကောင်အထည်ဖော်နိုင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေးကဏ္ဍများ မြှင့်တင်နိုင်ရေး၊
နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စများနှင့်ပတ်သက်ပြီး
အမြင်ချင်းဖလှယ်ခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် နှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ကြသည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ
မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးခရီး လာရောက်လည်ပတ်ခဲ့သကဲ့ သို့ ၂ဝ၁၄ ခုနှစ် မတ် ၃
ရက်တွင် လည်း နေပြည်တော်၌ကျင်းပသည့် တတိယ အကြိမ်မြောက် ဘင်းမ်စတက်
ထိပ်သီးအစည်းအဝေးသို့ တက် ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။
No comments:
Post a Comment