Tuesday, April 21, 2015

ခရီးသည်များစွာအဆင်ပြေရန် စီစဉ်ပေးမှုများ၏ကုန်ကျစရိတ်အတွက် လေကြောင်းလိုင်း လက်မှတ်များမှ ထည့်သွင်းကောက်ခံသည့်စံနစ်ကို အသုံးပြုသွားမည်



          လေဆိပ်ထဲတွင် ရောက်ရှိထွက်ခွာကြသည့် ခရီးသည်များစွာအတွက် သက်တောင့်သက်သာရှိရန် အဆင်ပြေ ချောမွေ့မှုရှိရန်အတွက် စီစဉ်ထားပေးမှုများ၏ ကုန်ကျစရိတ်အတွက် (Passenger sercive charge) ကောက်ခံမှုကို ၁၉၄၇ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှုန်းထားများကို ယခုလိုတွေ့မြင်နိုင်ပါသည်။ ဧပြီလ(၁)ရက်ကစပြီး တိုးမြှင့်သည့်နှုန်းထားများက ပြည်တွင်းခရီးစဉ်များအတွက် မြန်မာကျပ်ငွေ ၂၀ဝ၀၊ ပြည်ပထွက်ခွာအတွက် နိုင်ငံသား၊ နိုင်ငံခြားသား တစ်ဦးလျှင် (၁၅) ဒေါ်လာပေးဆောင်ရမည် ဖြစ်ပါသည်။ နိုင်ငံတကာတွင် ကောက်ခံသည့်နှုန်းထားများထက် နည်းပါးစွာကောက်ခံခဲ့ခြင်းဖြစ်ပြီး အသစ်မွမ်းမံပြင်ဆင်မှုများကြောင့် ယခုလိုတိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတကာတွင် လေကြောင်းလိုင်းလက်မှတ်များမှ ထည့်သွင်းကောက်ခံခြင်းနှင့် လေဆိပ်ကိုရောက်ရှိမှ ဖြတ်ပိုင်းပေးပြီး ထည့်သွင်းကောက်ခံခြင်း(၂)မျိုးရှိ၍ မြန်မာပြည်အနေနှင့် လေကြောင်းလိုင်းလက်မှတ်များမှ ထည့်သွင်းကောက်ခံသည့်စံနစ်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၁၆၉ ကွင်းရှိပြီး အသုံးပြုနေခြင်းက အင်တာနေရှင်နယ်လေယာဉ်ကွင်း (၃)ကွင်း၊ ပြည်တွင်းလေယာဉ်ကွင်း (၃၀)ကွင်းရှိကြောင်း သိရပါသည်။ 

No comments:

Post a Comment