Sunday, April 5, 2015

၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းကျော် ဖန်တီးပေးနိုင်ခဲ့



၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သိန်းကျော် ဖန်တီးပေးနိုင်ခဲ့ သည်ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းက ပြောကြောင်း သိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက် မြင့်တက်လာပြီး နိုင်ငံခြားကုမ္ပဏီ (၅၀)အထိ တိုးတက်လာခဲ့သည်ဟု အသင်းဥက္ကဌ ဦးမြင့်စိုးက ပြောကြောင်း သိရပါ သည်။ အလုပ်သမားပြဿနာများ အနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ်အထည်ချုပ်ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်တိုက်မြင့်တက်ခဲ့ပြီး စုစုပေါင်းရင်နှီးမြှုပ်နှံမှု (၉၀) ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားကြောင်း သိရပါသည်။ အလုပ်သမားဆန္ဒပြမှုများ ပြေလည်သွားမည်ဆိုရင် အထည်ချုပ်လုပ်ငန်း ရင်နှီးမြှုပ်နှံမှုများ ပိုတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်း တစ်သန်းကျော်အထိ ဖန်တီးပေးနိုင်မည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အသင်းက ခန့်မှန်းထားကြောင်း သိရပါသည်။

No comments:

Post a Comment