Wednesday, April 29, 2015

၂၀၁၅ ခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည့် သဘာဝအခြေခံခရီးသွား ဝန်ဆောင်မှု



သဘာဝရှုခင်းများနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုအခြေအနေများ အပါအဝင် သဘာဝကိုအခြေခံသည့် ခရီးသွားဝန်ဆောင်မှုအစီအစဉ်ကို ၂၀၁၅ ခုနှစ်အတွင်း စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု သိရပါသည်။ ၎င်းအစီအစဉ်တွင် မန္တလေးတိုင်း၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ ယဉ်ကျေးမှုအမွေအနှစ်များ၊ သစ်တောများ တောရိုင်းတိရစ္ဆာန်များ ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေးနှင့် အဆိုပါဒေသများမှ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများ အောင်မြင်စေရေးအတွက် ရည်ရွယ်ထားခြင်းကို သိရပါသည်။ ဒီအစီအစဉ်အတွက် နီပေါနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ပူးပေါင်းပါဝင်ပြီး ၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရေရှည် အစီအမံများဖြစ်ကြောင်းလည်း သိရပါသည်။ ယခုအကောင်အထည်ဖော်မည့် သဘာဝအခြေခံခရီးသွား ဝန်ဆောင်မှုအစီအစဉ်အရ ကျေးလက်တောရွာအထိ ခရီးသွားတွေရောက်ရှိနိုင်ပြီး ကမ္ဘာလှည့်ခရီး သွားများတည်းခိုးနိုင်မည့် လုံချင်းအငှားဝန်ဆောင်မှုများကိုလည်း တိုးချဲ့ပေးမည်ဟု သိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း ကမ္ဘာလှည့်ခရီးသွားလာရောက်မှုသည် ၂၀၁၄ခုနှစ်တွင်  (၅၃)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ထိပ်ဆုံးနေရာရောက်ရှိခဲ့ရာ ယခု ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား (၅)သန်းအထိ တိုးတက်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ 

No comments:

Post a Comment