Fantastic Four ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင်
သြဂုတ်လ (၇) ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းဇာတ်ကားတွင် စူးစမ်းရှာဖွေသူလေးယောက်သည်
စင်္ကြာဥဋ္ဌာအတွင်းက ဂြိုတ်တစ်ခုကို လေ့လာရေးသွားရာတွင် သူတို့၏ ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်များ
ပြောင်းလဲပြီး ထူးခြားသည့်စွမ်းအားများကို ပိုင်ဆိုင်လာခြင်းဖြစ်ပါသည်။ ထို့နောက်တွင်
သူတို့ လေးယောက်သည် ကမ္ဘာမြေကို ပြန်လာပြီး ပိုင်ဆိုင်ထားသည့်စွမ်းအားများနှင့် ကမ္ဘာမြေပေါ်
ကျရောက်လာသည့် အန္တရာယ်များကို ကာကွယ်တိုက်ခိုက်ပေးသည့် ဇာတ်လမ်းဖြစ်ပါသည်။ ၎င်းဇာတ်ကားကို
ဒါရိုက်တာ ဂျော့ရှ် ထရန့်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့်
မိုင်းလ် တယ်လား၊ ကိတ်မာယာ၊ မိုက်ကယ် ဘီဂော်ဒန်စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့
ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်လမ်းကို 20th Centuray Foc ကုမ္ပဏီ
ထုတ်လုပ်ရေးမှ ဖြန့်ချိမည်ဖြစ်ပါသည်။
No comments:
Post a Comment