Saturday, April 4, 2015

Tomorrow Land ရုပ်ရှင်



Tomorrow Land ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မေလ (၂၂) ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ ကေစီဆိုသည့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က Tomorrow Land ဆိုသည့်  အနာဂါတ်ကမ္ဘာကို ကူးသန်းသွားလာလို့ရသည့် တံဆိပ်ပြားလေးကို ရရှိခဲ့ပြီးနောက် အနာဂါတ်ကမ္ဘာကို သွားရောက်စူးစမ်းခဲ့ပါသည်။ ထိုနောက်တွင် အနာဂါတ်ကမ္ဘာက ဖရန့်ဆိုသူ တစ်ဦးက ကေစီနှင့်အတူ အနာဂါတ်ကမ္ဘာနှင့် လက်ရှိကမ္ဘာကြား စွန့်စားမှုများ၊ စစ်ပွဲများကို အတူတူဖြေရှင်းပုံကို ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ဘရက်ဘတ်က ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်ကြသည့် ဂျော့ကိုလိုနီ၊ ဘရစ်ရောဘတ်ဆန်၊ ဟုခ်ျလော်ရီ စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်လမ်းကို Walt Disney ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ပါသည်။

No comments:

Post a Comment