Area 51 ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မေလ
(၁၅) ရက်နေ့တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ ထိုဇာတ်ကားထဲတွင် လူငယ်တစ်စုက
တားမြစ်နယ်မြေတစ်ခု ဖြစ်သည့် Area 51 ကို စူးစမ်းရန်သွားကြပါသည်။ ၎င်းနေရာတွင် လူများအတွက် နားလည်ရခက်ခဲသည့် စိတ်ဝင်စားဖွယ်အရာများရှိမည်ဟု
သူတို့ကတွေးထင်ခဲ့ကြပါသည်။ သို့သော် Area 51
ကို ခိုးဝင်ပြီးသည့်နောက် တွင် ထူးဆန်းသည့်အရာများကို တွေ့ကြုံရပုံကို ရိုက်ကူးတင်ဆက်ထားသည့်
စိတ်ကူးယဉ် သိပ္ပံသည်းထိတ် ရင်ဖိုဇာတ်ကားဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ အိုရန်
ပယ်လီက ရိုက်ကူးတင်ဆက် ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် ဆန်ဒရာ စတတ်ခ်ျ၊
ရွိုင်း အမ်ဘရတ်စွန်၊ ဒေးဗစ် ဆော့စီဒို စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့
ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ၎င်းဇာတ်ကား ပြသချိန်က ၉၅မိနစ်ကြာမြင့်မှာ ဖြစ်ပြီး
ပါရာမောင့် ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ပါသည်။
No comments:
Post a Comment