Sunday, May 3, 2015

ဆွေးနွေးမှု(၂၈)ကြိမ်ရှိခဲ့သော်လည်း ထူးခြားမလာသေးသည့် မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေး အခြေအနေ



မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာသတ်မှတ်ရေးအတွက် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းမှာ လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့တို့ ယခုလနောက်ဆုံးပါတ်အတွင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုတွင် လုပ်ခလစာသတ်မှတ်သည့် နေရာတွင် အထည်ချုပ်လုပ်ငန်းတစ်ခုတည်းအတွက် သတ်မှတ်ရန်မဖြစ်နိုင်သလို လုပ်ငန်းတိုင်းအတွက် သင့်လျော်သည့် လုပ်ခလစာ ဖြစ်ပေါ်ရန် လိုအပ်သည်ဟု လုပ်ငန်းရှင်များကဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် လုပ်ခလစာသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ အလုပ်ရှင် အလုပ်သမားများ နှစ်ဦးနှစ်ဖက်ပြေလည်အောင် လုပ်ဆောင်ရနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

No comments:

Post a Comment