Sunday, May 3, 2015

လယ်ယာလုပ်သားရှားပါးလာမှုကြောင့် လယ်ယာသုံးစက်ပစ္စည်းငှားရမ်းသည့် လုပ်ငန်းများကို အားထားလာနေရ

မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းခွင်အတွင်း လယ်ယာလုပ်သားရှားပါးလာခြင်းကြောင့် အစားထိုးလုပ်ကိုင်နိုင်မည့် လယ်ယာသုံးစက်ပစ္စည်းများကို ငှားရမ်းလာခြင်းများ ပို၍များလာသည်ဟုသိရပါသည်။ ရွှေဘိုခရိုင်အတွင်းနှင့် ဧရာဝတီ တိုင်း ဓနုဖြူမြို့နယ်များတွင် လယ်ယာလုပ်သားရှားပါးလာမှုကြောင့် လယ်ယာသုံးစက်ပစ္စည်းငှားရမ်းသည့် ၀န်ဆောင်မှု လုပ်ငန်းများကို အားထားနေရသည်ဟု ဒေသခံများကပြောဆိုကြပါသည်၊ အလုပ်များသည့် စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် များတွင် လယ်လုပ်သား (၁၀) ယောက်တစ်ဖွဲ့လျှင် ငွေ ခုနှစ်သောင်းမှ ရှစ်သောင်းအထိ ပေးရခြင်းကြောင့် လယ်ယာသုံး စက်ပစ္စည်းများငှားရမ်းပြီး လုပ်ကိုင်ရသည်ကပိုပြီးတွက်ခြေကိုက်သည်ဟု ရွှေဘိုခရိုင်၊ ဘုရားကြီးမြို့နယ်မှ လယ်သမား တစ်ဦးက ပြောပြပါသည်။ ယခုလာမည့်စိုက်ပျိုးရာသီတွင် တောင်သူလယ်သမားအသင်းအဖွဲ့များမှ အသင်းပိုင် လယ်ယာ သုံးစက်ပစ္စည်းများ ငှားရမ်းခြင်း များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု လွတ်လပ်သော တောင်သူလယ်သမား အသင်းက ပြောဆို ထားကြောင်း သိရပါသည်။ 

No comments:

Post a Comment