Paper Towns ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ
ရုပ်ရှင်ရုံများတွင် ဇူလိုင်လ (၂၄)ရက်နေ့ တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။
ဇာတ်လမ်းကို ဖလော်ရီဒါပြည်နယ် အော်လန်ဒိုတွင် အခြေစိုက် ရိုက်ကူးထားခြင်းဖြစ်ပါသည်။
ဇာတ်လမ်းမှာ ငယ်သူငယ်ချင်းနှစ်ဦးဖြစ်သည့် မာကိုနှင့် ကွမ်တင်တို့သည် ဆယ်ကျော်သက်ဘဝတွင်
ပြန်လည် တွေ့ရှိကြပြီး အထက်တန်းကျောင်း တူတူတတ်ရောက်နေခြင်းဖြစ်ပါသည်။ ကွမ်တင်က မာကို
ကို စိတ်ဝင်စားနေပြီး မာကိုမှာ ချစ်သူကောင်းလေးရှိနေပါသည်။ ထိုနောက်တွင် မာကိုက ကွမ်တင်အိမ်ကို
ညသန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ကားကိုငှားကာ သူ့၏စွန့်စားမှုကို ပြုလုပ်ပါသည်။
ထိုနောက် မာကိုက ထူးဆန်းစွာပျောက်ဆုံးသွားပြီး သူ့ကို ကွမ်တင်နှင့် သူငယ်ချင်းတစ်စုက
လိုက်လံရှာဖွေခြင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို
ဒါရိုက်တာ ဂျိတ် စကာရီယာက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့်
နက် ဝိုဖ်၊ ကာရာ ဒယ်လဗင်၊ ဂျက်စတင် စမစ် စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့
ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို 20th Century Fox ကုမ္ပဏီမှ ဖြန့်ချိမှာဖြစ်ပါသည်။
No comments:
Post a Comment