ကယားပြည်နယ်
စာရင်းစစ်ချုပ်ရုံးနှင့် ပြည်တွင်း ခရိုင်/မြို့နယ် စာရင်းစစ်ရုံးများရှိ ၀န်ထမ်းများ၏ သား/သမီးများမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်
တက္ကသိုလ်ဝင် စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်သူများနှင့် ရိုးရိုးအောင်မြင်သူ ကျောင်းသား
ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသည့်
အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့်ခြင်း
အခမ်းအနားကို ဇွန်လ(၂၇)ရက် မနက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် စာရင်းစစ်ချုပ်ရုံး
အစည်းအဝေး ခန်းမမှာ ကျင်းပရာ ကယားပြည်နယ် စာရင်းစစ်ချုပ် ဒေါ်ကြည်ကြည် က အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများနှင့် ရိုးရိုးအောင်မြင်သူများကို ပညာသင်
ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ပြီး (၅)ဘာသာ ဂုဏ်ထူးရှင် မချယ်ရီထွန်း မှ ကျေးဇူးတင်စကား
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment