Saturday, June 27, 2015

မြန်မာနိုင်ငံ အမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်

ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်မည့် မြန်မာနိုင်ငံ အမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် မြေစိုက်ပိုစတာ စိုက်ထူပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ (၂၇)ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့ လှာကမြင်စံပြ ကျေးရွာမှာ ကျင်းပရာ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူတို့မှ ပိုစတာကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့သည်။ သစ်ပင်စိုက်ပျိုး ပေးခြင်းဖြင့် မိမိတို့၏ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာမက မိုးခေါင်ရေရှားသည့် သဘာဝ ဘေးအန္တရာယ်ကိုလည်း ကာကွယ်ရာ ရောက်သလို လူသားအားလုံး အနေနှင့် ကမ္ဘာကြီး ပျက်စီးယိုယွင်းမှု မရှိအောင် ၀ိုင်းဝန်းထိန်းသိမ်းရာလည်း ရောက်မည် ဖြစ်ပါသည်။

No comments:

Post a Comment