Sunday, June 28, 2015

နိုင်​ငံ​တော်​သ​မ္မ​တ ​ဦး​သိန်း​စိန်နှင့်အဖွဲ့ မွန်​ဂိုး​လီး​ယား​နိုင်​ငံ​သို့​ ​ရောက်ရှိ

ပြည်ထောင်စုမ္မမြန်မာနိုင်ငံတော် နိုင်ငံတော်မ္မဦးသိန်းစိန်သည် မွန်ဂိုးလီးယားနိုင်ငံ မ္မအယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ်ယာဒ်ဖိတ်ကြားချက်မွန်ဂိုးလီးယားနိုင်ငံသို့ ရားဝင် ချစ်ကြည်ရေးရီး သွားရောက်ရန် ဖွဲ့ဝင်များနှင့်တူ ​​ဇွန်လ(၂၈)ရက်နေ့ ​​မွန်းတည့်(၁၂)နာရီမှာ နေပြည်တော်မှ ပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ထူး လေယာဉ်ဖြင့် ထွက်ခွာရာ ဒုတိမ္မဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများနဲ့ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက် ကြပါသည်။ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးရဲထွဋ်၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်၊ ဦးဌေးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးကံချွန် တို့နှင့်အတူ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့သို့ ဒေသစံတော်ချိန် ည ၇ နာရီခွဲခန့် တွင် ရောက်ရှိကြသည်။


No comments:

Post a Comment