မြေပဲဆန်များကို တရုတ်နိုင်ငံမှ ဝယ်ယူမှုမြင့်တက်နေခြင်းကြောင့်
ပြည်တွင်းတွင်ကြိတ်ခွဲရန် မြေပဲဆန် မလုံလောက်မှုကြောင့် ဆီစက်တစ်ချို့ပိတ်ထားရကြောင်း
သိရပါသည်။ ထို့သို့ ပြည်တွင်း စားသုံးဆီမလုံလောက်မှုအပေါ် အခွင့်ကောင်းယူပြီး ဝင်ရောက်လာသည့်
မြေပဲဆီအတုများ၏ ဈေးကွက်ကလည်း ပိုမိုကျယ်ပြန့်လာကြောင်း သိရပါသည်။ မြေပဲဆီဈေးကွက်အတွင်းတွင်
စားအုန်းဆီများကို မြေပဲဆီအနံ့ထည့်ပြီး ဓာတုဗေဒပစ္စည်းများနှင့် ရောစပ်ကာ တံဆိပ်မပါသော
ပုံးများ၊ ပီပါများဖြင့် ဝင်ရောက်ကြောင်း သိရပါသည်။ မြေပဲဆီအတုဈေးနှုန်းသည် မြေပဲဆီသန့်ဟုတံဆိပ်တပ်ပြီး
မှတ်ပုံတင်ထားသည့် ဆီဈေးနှုန်းများနှင့် ထက်ဝက်ခန့်ဈေးကွာဟမှုရှိကြောင်း သိရ ပါသည်။
ပြည်တွင်းတွင်လည်း မြေပဲဆီအစစ်အမည်ခံကာ ရောင်းချနေသည့်တံဆိပ်ပေါင်း (၇၀)နီးပါးရှိပြီး
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းအနေနှင့် ဈေးကွက်အတွင်းမှာရှိသည့် ဆီများကိုဝယ်ယူပြီး
ဓာတ်ခွဲစမ်းသပ် သွားမည်ဖြစ်ပြီး စားသုံးရန်မသင့်သည့်ဆီများ၏ Logo များကို ပြည်သူများသိရှိနိုင်ရန် ထုတ်ပြန်ပေးသွားကြောင်း
သိရပါသည်။ ယခုနှစ်တွင် ရေကြီးခြင်းများဖြစ်ပေါ်ခြင်းကြောင့် မြေပဲခင်းများ ပျက်စီးမှုများဖြစ်ပေါ်သည့်အတွက်
မြေပဲဆီဈေးနှုန်းသည် ဆက်လက်မြင့်တက်လာကြောင်း သိရပါသည်။
No comments:
Post a Comment