Friday, August 28, 2015

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဂူတမ် မူခိုပတ်ဒီးယား အား ဩဂုတ်လ(၂၈)ရက်နေ့  မနက်(၉)နာရီခွဲက နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပါသည်။ အဲဒီတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ အဖွဲ့ဝင် ဦးကျော်စိန်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

No comments:

Post a Comment