၂၀၁၅ ခုနှစ်
ဇွန်လမှ ဩဂုတ်လများအတွင်း ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက်
တိုင်းရင်းဆေးများနှင့် အလှူငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို သြဂုတ်လ(၃၀)ရက်နေ့
နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန နေပြည်တော်၌
ကျင်းပရာ ဦးထွန်းရွှေ + ဒေါ်သင်းသင်းဆွေ မိသားစု၊ ထွန်းရွှေဝါ တိုင်းရင်းဆေးထုတ်လုပ်ရေးမှ
(၁၃၃.၂၈)သိန်းခန့် တန်ဖိုးရှိတဲ့ ထွန်းရွှေဝါတိုင်းရင်းဆေး (၆)မျိုး၊ ဦးဝင်းထိန်ကျော်၊
ညွှန်ကြားရေးမှူး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန+ ဒေါ်ခင်မာညို ဦးစီးအရာရှိ
မိသားစုမှ ငွေကျပ်(၁)သိန်းတို့ ပေးအပ်ရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း
ကော်မတီဥက္ကဌ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်
ပေးအပ်ခဲ့ပါသည်။
No comments:
Post a Comment