Tuesday, August 25, 2015

မရွေ့ပြောင်းနိုင်သော ပစ္စည်းများအခွန်လျော့ချသဖြင့် အိမ်ခြံမြေအခွန် သက်သာလာ



အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၏ အခွန်နှုန်းထားများကို ယခုဘဏ္ဍာနှစ်တွင် လျော့ချပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်းများအခွန်ဆောင်ရာတွင် များစွာ သက်သာသွားကြောင်း သိရှိရပါသည်။ ဈေးကွက်တွင် အိမ်ခြံမြေအရောင်းအဝယ်များအေးစက်နေသော်လည်း အခွန်နှုန်းထားလျော့ချသတ်မှတ်လိုက်ခြင်းကြောင့် အခွန်ဝင်ငွေနှုန်းထားလျော့နည်းလာနိုင်သော်လည်း အခွန်ဆောင်သူ ပမာဏမှာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်ထားကြပါသည်။ မရွှေ့ပြောင်းနိုင်သော အခွန်နှုန်းထားများကို ပြီးခဲ့သည့် ၂၀၁၄ ဘဏ္ဍာနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်းငါးရာကို  သုံးရာခိုင်နှုန်းကောက်ခံရာမှ ယခုနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို (၃)ရာခိုင်နှုန်းဖြင့်လည်းကောင်း ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်းငါးရာမှ ကျပ်သိန်းတစ်ထောင့်ငါးရာကို တစ်ဆယ်ရာခိုင်နှုန်းဖြင့် ကောက်ခံရာမှ ယခုနှစ်တွင် ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်းငါးထောင်အထိကို ငါးရာခိုင်နှုန်း၊ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကျပ်သိန်းသုံးထောင် အထက်ကို သုံးဆယ်ရာခိုင်နှုန်းဖြင့် ကောက်ခံရာမှ ယခုနှစ်တွင် ကျပ်သိန်းတစ်သောင်းငါးထောင်အထက်ကို သုံးဆယ်ရာခိုင်နှုန်းသာ ပြောင်းလဲကောက်ခံနေကြောင်း သိရပါသည်။ လက်ရှိတွင် ရန်ကုန်မြို့၏ တစ်ပေပတ်လည် စံနှုန်းများ အသစ်သက်မှတ်ချက်ကို ပြည်တွင်းအခွန်များဦးစီးဌာနက ယခုလာမည့် အောက်တိုဘာလတွင် ပြန်လည် သတ်မှတ်မည်ဖြစ်ရာ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းက ခေတ်စနစ်နှင့်လိုက်လျောညီထွေသည့် နှုန်းထားများ သတ်မှတ်အကြံပြုချက်ပေးပို့ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment