ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး
ကော်ပိုရေးရှင်းမှ တိုင်းအတွင်း ဓာတ်အားစဉ်ဆက်မပြတ် ရရှိရေး အတွက် အပါတ်စဉ် သစ်ပင်ခုတ်ခြင်း
အပါအဝင် ဓာတ်အားလိုင်းများ၊ ခွဲရုံများ ၊မြေအောက်ဓာတ်ကြိုး များအား ကြိုတင် ပြုပြင်ထိန်းသိမ်းရေး
ဆောင်ရွက်လျက်ရှိပါသည်။ ဩဂုတ်လ(၂၉)ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် (သာဓုအိမ်ရာ၊ ဇ/တောင်၊
ဇ/မြောက်)ရပ်ကွက်များ၊ လှိုင်မြို့နယ် (၁၄၊၁၅)ရပ်ကွက်များ၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်အချို့ ၊ ကျန်စစ်သားအိမ်ရာ) များတွင် မနက်(၉)နာရီမှ
မွန်းလွဲ(၁)နာရီအတွင်း အချိန်ပိုင်း ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဩဂုတ်လ(၃၀)ရက်နေ့တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊
ဗဟန်း၊ လှည်းကူးမြို့နယ်၊ (ညောင်နှစ်ပင်ဇုန်၊ တပ်နယ်)၊ ထောက်ကြန့်မြို့နယ် (နွယ်ခွေ၊
ဂူကြီးကုန်း၊ ရွာမကျေးရွာ)တို့တွင် မနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအတွင်း အချိန်ပိုင်း
ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက်မှာဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ
သိရှိရပါသည်။
No comments:
Post a Comment